
အသက် ခုနနှစ် မပြည့်ခင် လူကြီး ရောဂါနဲ့ ကွယ်လွန်သွားတဲ့ လူကလေး
ထူးထူးဆန်းဆန်းပါပဲ ...။ သဘာဝတရားနဲ့ ဆန်.ကျင်ပြီး အသက်အရွယ် ဇရာထောက် အိုမင်းသွားတဲ့
လူငယ်လေးတစ်ယောက် အကြောင်းကို ပြီးခဲ့တဲ့ ရာစုနှစ်တွေတုန်းက လူတွေ တော်တော်များများ သတိမူမိခဲ့ကြတယ်။
သူကတော့ ချားလ်စ် ချားလ်စ်ဝပ် ဖြစ်ပါတယ် ။ သူ.ကို ( ၁၈၂၉ ) ခု ၊ မတ်လ (၁၄) ရက်နေ. ... အင်္ဂလန် နိုင်ငံ
စတက်ဖို.ရှိုင်းယား မှ သာမာန် မိဘ နှစ်ပါးကနေ မွေးဖွားခဲ့ပါတယ် ။
သူ အသက်လေးနှစ်မှာ အရွယ်ရောက်ပါတယ် ။ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး၊ ပါးပြိုင်းမွေးတွေ ပေါက်တယ်... ။
အသက် ခုနနှစ် အရွယ်မှာ ... ( လူကြီး ရောဂါနဲ့ ) ရုတ်တရက် သေငယ်ဇောမြောပြီး သေဆုံးခဲ့ပါတယ် ။
ချားလ်စ် ၀ပ်သ် ရဲ့ အရပ်အမောင်း အချိုးအစားက သေးသေးလေးပါ ။ ကိုယ်ခန္ဓာ ဖွဲ.စည်းဖွံ့ဖြိုးမှုက ချွတ်ယွင်းချက်
ရှိတယ် ။ ညှုပ်ရိုးတွေ ၊ အောက်မေးရိုး ၊ ဦးနှောက်အမြှေးပါး နဲ့ အရိုးဖွဲ.စည်းမှုတွေကလည်း ချွတ်ယွင်းစံချိန်မမှီပါဘူး ။
သူ.မျက်နှာမှာ ပါးရေနားရေတွေ တွန်.ပြီး ရှုံ.တွနေပါတယ် ။ ဆံပင်တွေ ၊ မုတ်ဆိတ်တွေ ဖြူတယ် ။ အသားအရေတွေက
သွေ.ခြောက်လျော့ရဲနေတယ် ။ လက်တွေမှာ ဖုထစ်ပြီး အကြောတွေ ကြွက်သားတွေ ထင်ထင်ရှားရှား ပေါ်နေတယ်... ။
သူ.ရဲ့ အသံက စာစာ စာစာ နဲ့ အဘို.ကြီး သံ ...။ မတ်တပ်ရပ်တဲ့ အခါ ၊ သွားလာတဲ့ အခါတွေမှာလည်း သူ.ရဲ့ ကိုယ်ဟန်
အနေအထားက အဘိုးအို တစ်ယောက်အတိုင်းပါပဲ ...။
( Believe It Or Not By Robert Ripley မှ ဘာသာပြန်ဖေါ်ပြလိုက်ပါတယ် ။ )
No comments:
Post a Comment