Pages

Sunday, July 25, 2010

Believe it or not-II

အသက်ရှင်လျက်နှင့် မြေမြှုပ်သဂြိုဟ်
" သမာဓိ " လို.ခေါ်တဲ့ အသက်ကို ခေတ္တရပ်တန်.ဆိုင်းငံ့ထားနိုင်တဲ့ စွမ်းရည်တန်ခိုးရှိတယ်ဆိုပြီး
ဟိန္ဒူဘာသာဝင်တွေ အခိုင်အမာ ပြောဆိုခဲ့တာကြာပါပြီ ။ (ဟိုတုန်းက ပြောဆိုခဲ့တာပါ ။) ကျွန်တော့ အနေနဲ့... အဲဒီလို
ဖြစ်နိုင်ဖွယ်ရာ မရှိဘူးလို.ထင်ရတဲ့ပြပွဲကို ကိုယ်တိုင်ကိုယ်ကျ တွေ.မြင်ရလောက်တဲ့ထိ ကုသိုလ်ကံ မကောင်းခဲ့ပါဘူး ။
( ကိုယ်တိုင်တော့ မတွေ.ခဲ့ရဘူးပေါ့ ) ဒါပေမဲ့ ... ယုံကြည်စိတ်ချရလောက်တဲ့ မှတ်တမ်းတွေတော့ အများကြီးရှိပါတယ်။
အသက်ရှင်လျက်နဲ့ မြေမြှုတ်သဂြိုဟ်တယ် ။ နောက်ပိုင်း ကာလ တစ်ခုကြာလို. ပြန်ဖေါ်တော့ မူလအခြေအနေအတိုင်း
အသက်ရှင်လျက် အကောင်းပကတိပြန်ဖြစ်တယ် ဆိုတဲ့ မှတ်တမ်းတွေ ...လေ။
အဲဒါနဲ့ ပက်သက်ပြီး လူသိအများဆုံး အကျော်ကြားဆုံး ပြပွဲတစ်ခုကို ၁၈၇၃ ခု ၊ နွေဥတုကာလအတွင်း
မဟာရာဂျာ ရမ်ဂျီဆိုင်း ရဲ့ ရှေ.တော်မှောက်မှာ ပြသခဲ့ပါတယ် ။ လာဟိုးမြို. မှာပေါ့ ။ ဥာဏ်မမှီလောက်အောင် ဆန်းကြယ်တဲ့
တန်ခိုးစွမ်းရည်ကို အသုံးပြုပြီး လူ.ခန္ဓာကိုယ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ၊ တာဝန်တွေကို ခေတ္တရပ်ဆိုင်းစေတယ် ။
( နှလုံးက သဲ့သဲ့ လေးခုန်နေတာက လွဲရင်ပေါ့။)
ဟာရီဒတ်စ် လို.ခေါ်တဲ့ ယောဂီကြီး တစ်ယောက်ဟာ သမာဓိ စွမ်းရည်ရရှိခဲ့တယ် ။ ဒီလိုရရှိပြီး
ရက်ပေါင်းလေးဆယ် တိတိ မြေကြီးထဲမှာ အသက်ရှင်လျက်နဲ့ မြှုတ်နှံလိုက်တယ် ။ ရက်ပေါင်းလေးဆယ်ပြည့်လို. ပြန်ပြီး
တူးဖေါ်တဲ့အခါအသက်ပြန်ပြီး ရှင်ပါတယ် ။
ပြပွဲက ဒီလိုပါ ။ ယောဂီကြီး ဟာရီဒတ်စ် ဟာ မိန်းမောပြီး လဲကျသွားတယ် ။ သူ.ရဲ့ အကူ
လက်ထောက်တွေက သူ.ရဲ့ နှာခေါင်း ၊ ပါးစပ် ၊ နားရွက် တွေ မျက်လုံးတွေကို ဖယောင်းနဲ့ ပိတ်တယ် ။ ပြီးတော့ သူ.
တစ်ကိုယ်လုံးကို လူသေကောင် အလောင်းပတ်တဲ့ အ၀တ်ပိတ်စတွေနဲ့ ပတ်တယ် ။ ပြီးတော့ သူ.ကို မြေတွင်းထဲ ထည့်လိုက်တယ် ။
မြေကြီးတွေနဲ့ ကြပ်နေအောင် ဖို.တယ် ။ လိမ်လည်လှည့်ဖြားမှုတွေ မလုပ်နိုင်အောင် အဲဒီနေရာမှာ အစောင့်တစ်ယောက်ကို
ထားတယ် ။ ရက်လေးဆယ်ကြာလို. ယောဂီကြီး ကို မြေကြီးထဲကနေ ပြန်ဖေါ်တဲ့အခါ သူ.ခန္ဓာကိုယ်က နဲနဲလေး
ပိန်ချုံးသွားတာကလွဲရင် ကျန်တာတွေက မထိခိုက်ပဲ ပကတိတိုင်းပါပဲ ။သူ.ရဲ့ ထူးခြားအံ့ချီးလောက်တဲ့ အတွေ.အကြုံပါပဲ။

*** Believe It Or Not By Robert Ripley မှ ကူးယူဖေါ်ပြထားပါသည် ။

No comments:

Post a Comment